ချမ်းမြသာစည်မြို့နယ် Community Centre တွင် လူငယ်အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

ချမ်းမြသာစည်  မတ် ၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်များအတွက် စာပေမှရရှိသော အသိပညာဗဟုသုတတိုးပွားစေရေး၊ စာဖတ်သည့်အလေ့အထများ ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ လူငယ်အသိပညာပေးစာအုပ်ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ နာရီက လူထုအခြေပြုဗဟိုဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် လူငယ်များအသိပညာဗဟုသုတ တိုးပွားစေရန်အတွက် စာပေများကို လေ့လာ ဖတ်ရှုစေလိုသည့်အကြောင်းများ၊ စာပေမှရရှိသည့် အတွေးအခေါ်များ၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ရေး၊ ပညာသင်ကြားခြင်း၏ အကျိုးကျေးဇူးများ၊ မှန်ကန်သော အသိအမြင်များမှတစ်ဆင့် မှန်ကန်သောဆုံးဖြတ်ချက်များချနိုင်စေရေး စသည့် အကြောင်းအရာများကို စာရေးသူကိုယ်တိုင် ရေးသားခဲ့သည့် လူငယ်များအောင်မြင်ဖို့ဆိုလျှင် ခေါင်းစဉ်ပါ လူငယ်အသိပညာပေးစာအုပ်ကို ခြေခံ၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းနှင့် မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဦးသန်းစိုးအောင်တို့က ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)