တောင်ပြိုလက်ဝဲမြို့ အထကကျောင်းစာစစ်ဌာန၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

တောင်ပြိုလက်ဝဲ မတ် ၃

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ အထကကျောင်းစာစစ်ဌာန၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို တောင်ပြိုပြန်လည်လက်ခံရေးမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၉ နာရီ အချိန်က မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင် ပြန်လည်လက်ခံရေးမီးသတ်စခန်းမှ ဒုတိယဦးစီးမှူးဦးကျော်စိုး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက အထကကျောင်းစာစစ်ဌာန၌ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် ကျောင်းသား၊ကျောင်းသူများအေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး ၊လျှပ်စစ်မီးသွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများအား အရည်အသွေးကောင်းမကောင်း၊ မီးခလုတ်များ၊ မီးသီး၊မီးချောင်းများကို စနစ်တကျမီးငြိမ်းသတ်စေရန်နှင့်မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန်လိုအပ်ကြောင်းနှင့် မတော်တဆမီးလောင်မှုဖြစ်ပွားပါကလည်း ပြန်လည်လက်ခံရေး မီးသတ်စခန်းသို့ အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ပေးကြရန် စသည့်တို့ကိုကွင်းဆင်းစစ်ဆေးအကြံပြု လမ်းညွန်မှာကြားခဲ့ကြကြောင်းသိရသည်။

သိန်းနိုင်(ပြန်/ဆက်)