နွားထိုးကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေး

နွားထိုးကြီး မတ်

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်း () ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ယမန်နေ့မွန်းလွှဲ () နာရီက ဂွေးပင်တောကျေးရွာ၊ ရွာလယ်ခန်းမတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့်အဖွဲ့ဝင်များ ပါဝင်သော ဌာနဆိုင်ရာ အကြီး အကဲများမှ တစ်ဦးချင်းမိတ်ဆက်ကြပြီး  မြို့နယ်စီမုံပ်ချုပ်ရေးအဖွဲ့ ဦးအောင်နိုင်ဦးမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် () ရပ်နှင့် ဦးတည်ချက်များ () ရပ်အား ကျယ်ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲမှ ဦးစီးအရာရှီ ဒေါ်ရီရီဝင်းက ၂၀၂၃ ခုနှစ်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ PR စနစ် ဖြင့်ဆောင်ရွက်မည့် အစီအစဉ်များအား ပြည်သူများသိရှိ နားလည်အောင် ရှင်းလင်းဆောင်ရွက်ပြီး ဌာနဆိုင်ရာအကြီးအကဲများမှ မိမိတို့၏ လုပ်ငန်းနှင့်သက်ဆိုင်သောလုပ်ငန်းများကို ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်