ဘူးသီးတောင် မတ် ၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ဘူးသီးတောင်မြို့ ပေါက်ပင်ရင်း ဘုန်းတော်ကြီး ကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ဘူးသီးတောင်မြို့ အမှတ်(၅)ရပ်ကွက်ရှိ ပေါက်ပင်ရင်း ကျောင်းတိုက်ဆရာတော် ဦးစက္ကိန္ဒ ဦးဆောင်၍ ပြန်/ဆက်(ငြိမ်း) ဦးကျော်အေးမောင်တို့ ပူးပေါင်းကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၄၀) ဦးတို့အား မတ်လ(၃)ရက်နေ့မှ ၂၁ ရက်နေ့ထိ နံနက်(၈)နာရီမှ နေ့လယ် (၁) နာရီခွဲ တစ်နေ့ (၂) ကြိမ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် ကျောင်းသား/သူများ လိမ္မာယဉ်ကျေးလာစေရန်နှင့် မိဘလူကြီများကို ရိုသေတတ်စေရန် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် မေတ္တာအကျိုးကျေးဇူးများကို သိရှိစေရန်၊ ဗုဒ္ဓယဉ်ကျေးမှုသည် မြန်မာယဉ်ကျေးမှုဖြစ်ကြောင်း၊ အခြခံလူ့ကျင့်ဝတ်နှင့် ကိုယ်ချင်းစာ တရား (၅) ပါး သီလကန်တော့နည်းများကို သင်ကြပို့ချရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း ပေါက်ပင်ရင်းကျောင်းတိုက်ဆရာတော် ဉီးစက္ကိန္ဒထံမှ သိရသည်။
လှကျော်( ပြန်/ဆက်)