မက်မန်း မတ် ၃
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်၌ ပြည်သူများအသိပညာ တိုးပွားလာစေရန်ရည်ရွယ်၍ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များ ရိုက်ကူးထုတ်လွှင့် လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်မှုကို ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာချိုက “ ပြည်သူ့စာကြည့်တိုက်၌ လစဉ်ထွက်ရှိ လျက်ရှိသော စာအုပ်/ စာစောင်များအား Online မှတဆင့် စာအုပ်မိတ်ဆက်ပေးခြင်း အစီအစဉ်များ ရိုက်ကူးပေးခြင်းဖြင့် ကျွန်မတို့စာကြည့်တိုက်မှာ ဒီလိုပြည်သူတွေ အလွယ်တကူ လေ့လာဖတ်ရှုလို့ရတဲ့ စာအုပ်တွေရှိတယ်ဆိုတာ ပြည်သူတွေသိရှိသွားပြီး အရင်ထက်ပိုပြီး စာအုပ်/စာပေ တွေကို လာရောက်ငှားရမ်း ဖတ်ရှုကြမှာဖြစ်တယ်၊ ဒီလိုဖတ်ရှုခြင်းအားဖြင့် ပြည်သူတွေ အသိပညာဗဟုသုတတိုးတက်စေချင်လို့ ဒီအစီအစဉ်တွေ ပြုလုပ်ရခြင်းဖြစ်ကြောင်း” ပြောကြား သည်။
မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာတိုးပွားလာစေရန် ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်/ စာစောင်များ ငှားရမ်းခြင်းများအပြင် Online မှတဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူခေါက် နည်းများနှင့် ပုံပြင်ပြောခြင်း အစီအစဉ်များကို ရိုက်ကူး၍ မက်မန်းခရိုင် ပြည်သူ့စာကြည့်တိုက်မှ ထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။
အေးဝင်းစိုး (ခရိုင်၊ ပြန်/ဆက်)