ချင်းရွှေဟော် စက်တင်ဘာ ၃၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့ နံနက်(၆)နာရီမှညနေ(၆)နာရီအချိန်အထိ နေရပ်ပြန်ပြည်သူ(၃၁)ဦး ထပ်မံဝင်ရောက်လာခဲ့သည်။
အဆိုပါဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၃၁)ဦးတို့မှာ အမျိုးသား(၈)ဦး၊ အမျိုးသမီး(၂၃)ဦး တို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်မှ(၁)ဦး၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှ(၁)ဦး၊ မိုးကုတ်မြို့နယ်မှ(၂)ဦး၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှ(၂)ဦး၊ မင်းလှမြို့နယ်မှ(၁)ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်မှ(၁)ဦး၊ဒေးသရဲမြို့ နယ်မှ(၈)ဦး၊ ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်မှ(၂)ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်မှ(၄)ဦး၊ နမ့်ဆန်မြို့နယ်မှ(၁)ဦး ကွမ်းလုံမြို့နယ်မှ(၄)ဦးနှင့် မူဆယ်မြို့နယ်မှ (၄)ဦးတို့ ဖြစ်သည်။
ထိုသို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များမှ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား(၈၅၅၆)ဦးနှင့် အမျိုးသမီး(၆၉၁၄)ဦး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၅၄၇၀)ဦးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)