ဟိုပုံး မတ် ၃
၂၀၂၃ ခုနှစ်၊ မတ်လ(၈)ရက်နေ့မှ မတ်လ(၁၈)ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို ယနေ့နံနက် ၉ နာရီ အချိန်မှစတင်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဟိုပုံးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန(၁)ခုဖွင့်လှစ်၍ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား(၁၀၀)ဦး၊ ကျောင်းသူ(၂၁၆)ဦး စုစုပေါင်း(၃၁၆)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)