နမ့်ဆန် မတ် ၃
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ်ဆရာဝန်ကြီးနှင့် မိခင်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများက မွေးစမှအသက်တစ်နှစ်အောက် ကလေးများအားဘီစီဂျီ၊ ပိုလီယို၊ ဆုံဆို့၊ ကြက်ညှာ မေးခိုင်အသည်းရောင်၊ အသားဝါဘီဦးနှောက်အမြှေးရောင် စသည့် ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယို ကာကွယ်ဆေးထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဝက်သက်-ဂျိုက်သိုး စသည့်ကာကွယ်ဆေးများကို မွေးစအသက် (၂)လ၊ အသက် (၄)လ၊ အသက်(၆)လ၊ အသက် (၉)လနှင့် အသက်တစ်နှစ်အထိ ကလေးငယ်များအား သတ်မှတ်ဆေးထိုးရက်များအလိုက် ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်း၍ အကြိမ်ရေအလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်ဒေသပြန်/ဆက်