မိုင်းယန်းမြို့၌ နွေရာသီအခြေခံအားကစားနည်း ၄ မျိုးဖြင့် အခမဲ့သင်ကြားပေးမည်

မိုင်းယန်း မတ် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအခြေခံအားကစားသင်တန်းကို တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နွေရာသီအားကစားသင်တန်းမှ ရွက်ပုန်းသီးမျိုးဆက် သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်လေ့ကျင့်ပေးနိုင်ရေးအတွက် နွေရာသီကျောင်းပိတ်ရက်တွင် အခြေခံအားကစားနည်း ၄ မျိုးဖြင့် အခမဲ့လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။

သင်တန်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်၊ စားပွဲတင်တင်းနစ် စသည့် အားကစားနည်းလေးမျိုးကို ကျွမ်းကျင်နည်းပြများဖြင့် စနစ်တကျလေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကို မတ် ၂၀ ရက်မှ ဧပြီ ၆ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)