မောက်မယ်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး

မောက်မယ် မတ်လ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ခုနှစ် မတ်လ ၈ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြမည့်သူများကို ယနေ့နံနက် ၉ နာရီမှစ၍ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိရာ ကျောင်းတွင်း ဖြေ ကျောင်းသား/ကျောင်းသူများသည် မိမိတို့၏ကျောင်းအုပ်ကြီးထံ ထုတ်ယူရမည်ဖြစ်ပြီး အပြင်ဖြေ ကျောင်းသား/ကျောင်းသူများသည် မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများထံမှ  ထုတ်ယူရမည်ဖြစ် ကြောင်း သိရသည်။  

မောက်မယ်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်းမှ အတွင်းဖြေဆိုသူ(၂၃)ဦးနှင့်ပြင်ပ ဖြေဆိုသူ(၁၀)ဦး ဖြေဆိုသူကျောင်းသားကျောင်းသူ စုစုပေါင်း(၃၃)ဦးတို့မှ သက်ဆိုင်ရာဘာသာတွဲအလိုက် ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများမှလည်း မြို့နယ် ပညာရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား/သူများ အေးချမ်းစွာစာမေးပွဲ ဖြေဆိုနိုင်ရေးကြိုတင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မောက်မယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။                     

စိုင်းမျိုးသန့်(မောက်မယ်)