ခရမ်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ တတိယအကြိမ် ထပ်ဆောင်းထိုးနှံပေး

ခရမ်း မတ် ၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် အသက်(၅)နှစ်မှ ၁၂နှစ်အရွယ် ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ့များခွဲကာ သက်ဆိုင်ရာကျောင်းများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm အား ပထမ/ ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးပြီးသည့် ကျောင်းသား/ ကျောင်းသူများအား တတိယအကြိမ်ထပ်‌ ဆောင်းကါကွယ်ဆေးများကို ခရမ်းမြို့ သကျမာရိဇိန်သွန်းဘုရားကြီးဓမ္မာရုံတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကို မိဘအုပ်ထိန်းသူများက သဘောတူလက်မှတ်ရေးထိုးခြင်း၊ မှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပြီးမှသာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြကြောင်း အဆိုပါထိုးနှံခြင်းကို ခရမ်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကိုမင်း (ပြန်/ ဆက်)