မိုင်းယောင်းမြို့တွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

မိုင်းယောင်း မတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့က မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပသည်။

မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးလင်းဦးက မီးလောင်ခြင်းဆိုသည်မှာ၊ မီးလောင်မှုဖြစ်စေသော အကြောင်းရင်းများ၊ မြို့ရွာများတွင် လောင်ကျွမ်းသောမီးနှင့် တောမီးလောင်မှု၊ မိုင်းယောင်းတွင် မီးဘေးဖြစ်ပွားမှုအခြေအနေ၊ မီးလောင်မှုမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေးအနေဖြင့် နေအိမ်တိုင်းမှာ မီးသတ်ဆေးဘူးထားရှိမည်ဆိုလျှင် မီးစတင်လောင်ကျွမ်းတဲ့အချိန်မှာ ဘယ်လိုမီးအတန်းစား အကုန်လုံးနီးပါးကို မီးသတ်ဆေးဘူးက ငြိမ်းသတ်လို့ရနိုင်ပါကြောင်း၊ မီးဘေးအန္တရာယ်ဆိုင်ရာကြုံတွေ့လာပါက ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ၊ အရေးပေါ်ဖုန်းနံပါတ်များ စသည်ဖြင့် ဆွေးနွေးခဲ့သည်။

၅၀၅