မိုင်းယောင်းမြို့သို့ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ ကြွရောက်

မိုင်းယောင်း မတ်

အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ သဒ္ဓမ္မဇောတိကဓဇ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဟိုခုံပရိယတ္တိစာသင်တိုက်သို့ ကြွရောက်ပြီး တရားဟောကြားတော်မူခဲ့သည်။

ရှေးဦးစွာ မိုင်းဖုန်းဆရာတော်သည် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံ​သောကို ဖူးမြော်ပြီး ဆရာတော်အား ကြိုဆိုဖူးမြော်နေကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်အဖွဲ့ဝင်များနှင့် ပရိသတ်များအား တရားဟောကြားပေးတော်မူခဲ့သည်။

ထို့နောက် မိုင်းဖုန်းဆရာတော်သည် ဆံတော်ရှင်ထပ်လုံစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ကြည်ညိုပြီး ဒေသခံတိုင်းရင်းသားများအား တရားရေအေးတိုက်ကျွေးတော်မူခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း