ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ စဝ်စံထွန်းဆေးရုံ၌ မျက်စိခွဲစိတ်ကုသမှုခံယူနေသော ပြည်သူများအား သွားရောက်ကြည့်ရှု၍ ထောက်ပံ့ပစ္စည်းများပေးအပ်

တောင်ကြီး မတ် ၃

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် မတ် (၁) ရက် နံနက် (၉) နာရီက တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၌ မျက်စိခွဲစိတ်ကုသပြီး ပြည်သူများနှင့် ခွဲစိတ်ကုသမှု ခံယူမည့် ပြည်သူများအား သွားရောက်ကြည့်ရူအားပေးစကားပြောကြားကာ မျက်မှန်နှင့်စားစရာများ ထောက်ပံပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စဝ်စံထွန်းဆေးရုံ၌ မွေးကင်းစ ဆေးကုသမှုခံယူနေသော ကလေးလူနာဆောင်အား သွားရောက်ကြည့်ရှု၍ စားစရာများထောက်ပံ့ပေးအပ်ပြီး ဆေးကုသမှုခံယူနေသောပြည်သူများကိုလည်း စားစရာပစ္စည်းများထောက်ပံ့ပေးအပ်၍ ဓါတ်ရောင်ခြည်ဌာနသို့ သွားရောက်ကာ ဓါတ်ရောင်ခြည်ဖြင့် ဆေးကုသမှုခံယူမည့် ပြည်သူများကို အားပေးစကားပြောကြား၍ စားစရာများ ထောက်ပံ့ပေးအပ်ကာ ဓါတ်ရောင်ခြည်ခန်းမဆောင်နှင့် MRl Room အခန်းတို့ကို ကြည့်ရှူစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စဝ်စံထွန်းဆေးရုံ၌ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ခရိုင်များမှ ဒေသခံပြည်သူများ မျက်စိလာရောက် ခွဲစိတ်ကုသမှုခံယူသူ (၄၃) ဦး ရှိကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး