မုံးကိုးမြို့ အသက်(၂)လမှ အသက်(၁)နှစ်အထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေး

မုံးကိုး မတ် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ကလေးတိုင်းကျန်းမာပျော်ရွှင်စွာ ကြီထွားလာစေရန် အသက်(၂)လမှ အသက် (၁)နှစ်အထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းကို မုံးကိုးမြို့ ပြည်သူ့ဆေးရုံး၌ ယမန်နေ့နံနက်(၁၁)နာရီအချိန်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ယခုလို ကာကွယ်ဆေးထိုးနှံရခြင်းသည် ကလေးငယ်များကျန်မားသန်စွမ်းသော ကလေးငယ်များဖြစ်လာစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်ရည်ရွယ်၍  ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆရာဝန်ကြီး ဒေါက်တာ ဒီးအောင်က ကာကွယ်ဆေးထိုးကြမည့် ကလေးသူငယ်များအား ဆေးမထိုးနှံမီကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်စင်စေခြင်း၊ စာရင်းအချက်အလက်များကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်ပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်းစသည့်လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်း(၅၀)ဦးတို့အား ကလေးကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မေစံပယ်ဖူး(မုံးကိုး)