ရပ်စောက် မတ် ၃
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရပ်စောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ နွေရာသီအခြေခံအားကစားသင်တန်းများကို မတ်လ ၁ ရက်နေ့ညနေပိုင်းမှစတင်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်နှင့် ပြည်သူများအတွက် နွေရာသီအခြေခံ အားကစားနည်းများအဖြစ် ဘောလုံး၊ မြန်မာ့သိုင်း၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ်(Myanmar Fitness Dance)အားကစားနည်းများကို မြို့နယ်အားကစားကွင်း၊ မိုးလုံလေလုံအားကစားရုံနှင့် ပန်းဝါဖူဆယ်ကွင်းတို့တွင် စတင်ဖွင့်လှစ်ကာ ပို့ချပေးလျက်ရှိပါသည်။
အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းများကို ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းများအား မြန်မာ့လက်ရွေးစင်နည်းပြလိုင်စင်ရ သင်တန်းဆရာများက ကြီးကြပ်သင်ကြားပေးလျက်ရှိပြီး သင်တန်းသို့ အသက်(၉)နှစ်မှ (၂၄)နှစ်အတွင်း (ကျား/မ)မည်သူမဆို တက်ရောက်သင်ယူနိုင်ပြီး နေ့စဉ် ညနေ ၃:၀၀ မှ ၅:၀၀ အထိ တက် ရောက်ရမည်ဖြစ်ကာ သင်တန်းသားများအား သင်တန်း(အခမဲ့)တက်ရောက်ခွင့်၊ နွေရာသီသင်တန်းဝတ်စုံတစ်စုံစီနှင့် ရပ်စောက်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အသိအမှတ်ပြုသင်တန်း ဆင်းလက်မှတ်များပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူးထံမှ သိရသည်။
ဆုမွန်(ရပ်စောက်)