တောင်ကုတ် မတ် ၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က တောင်ကုတ်မြို့၊ အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတာနာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲများကို ကျင်းပရာ ပြိုင်ပွဲသို့ တောင်ကုတ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုး၊ တောင်ကုတ်ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှခေတ္တခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးသက်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြသောင်းနှင့် ပြိုင်ပွဲကျင်းပရေး ကော်မတီများက ကြည့်ရှုအားပေးကြီးကြပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါပြိုင်ပွဲများမှ ပြိုင်ပွဲဝင် ပန်းချီ၊ ပိုစတာနှင့် ကာတွန်းပုံများကို ပြည်နယ်အဆင့်မှ ဆုများရွေးချယ်သွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
မြို့နယ်ပြန်/ဆက်