ခေါဇာ စက်တင်ဘာ ၂၉
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ခေါဇာမြို့ ရပ်ကွက် (၁)တွင်ကိုဗစ်-၁၉ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိ သောအခြေခံလူတန်းစားများ မိသားစုစာဝတ်နေရေး အဆင်ပြေ ချောမွေ့ စေရန် ရည်ရွယ်၍န နိုင်ငံတော်အစိုးရမှ ပဉ္စမအကြိမ်အဖြစ် ထောက်ပံ့သည့် အိမ် ထောင်စု တစ်စု လျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ထောက်ပံ့ငွေများ ကို ယနေ့ ညနေ ပိုင်း က ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများကို ခေါဇာမြို့ရပ်ကွက်(၁)အုပ်ချုပ်ရေးမှူး ဦးနိုင်စိုး နှင့် အမျိုး သမီး ရေးရာအဖွဲ့ဝင်များကခေါဇာမြို့၊ရပ်ကွက်(၁)အတွင်းရှိ COVID-19ကာလအတွင်း ပုံမှန် ဝင်ငွေမရှိသောအိမ်ထောင်စု(၁၂၄)စုအား ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် လိုက်လံ ပေးအပ်ခဲ့ကြောင်းသိရသည်။
ညီညီချမ်း(ပြန်/ဆက်)