ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း (၂၀၂၂-၂၀၂၃) ခုနှစ်၊ နှစ်ပတ်လည် လုပ်ငန်းဆိုင်ရာ မျက်နှာစုံညီအစည်းအဝေးနှင့် သက်ကြီးစာပေပညာရှင်ကြီးများအား ကန်တော့ခြင်းအခမ်းအနား ကျင်းပ

ဗိုလ်တထောင် မတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊  ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ယနေ့နံနက် ၁၀း၀၀ အချိန်မှ ၁၁း၀၀ အချိန်အထိ မြို့နယ်စာရေးဆရာအသင်း (၂၀၂၂-၂၀၂၃) ခုနှစ်၊ နှစ်ပတ်လည်လုပ်ငန်းဆိုင်ရာ မျက်နှာစုံညီအစည်းအဝေးနှင့် သက်ကြီးစာပေပညာရှင်ကြီးများအား ကန်တော့ခြင်းအခမ်းအနားကို အစီအစဉ်(၂)ရပ်ဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဌ ဦးတင်စိုး (စာရေးဆရာ မင်းတလွန်း) မှ နာယကအဖြစ်ဆောင်ရွက်၍ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်း (ဗဟို) မှ အလုပ်မှုဆောင် ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး) က အမှာစကားပြောကြားခြင်း၊ အတွင်းရေးမှူး ဦးမြစိန် (စာရေးဆရာမိုးကျော်သူ) မှ (၂၀၂၂-၂၀၂၃) ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးသို့ တင်သွင်းသည့် အလုပ်မှုဆောင်ကော်မတီ အစီရင်ခံစာများအား ဖတ်ကြားပေးခဲ့ပြီး စာရေးဆရာမ ဒေါ်မေမြတ်စန္ဒာမှ အခမ်းအနားမှူးအဖြစ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီးများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ စုစုပေါင်း (၃၀)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မေနှင်း