မိုးကုတ် မတ်၂
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူမှုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြော ကြားသည်။ ဆက်လက်ပြီး ဒုတိယ ဦးစီးမှူး ဒေါ်နန်းခွာညိုနှင်းက ခေတ်အဆက်ဆက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ရင်း နိုင်ငံတည်ဆောက်ရေး၊ နိုင်ငံစီးပွားရေးကဏ္ဍများတွင် တစ်တပ်တစ်အား ပါဝင်အားဖြည့်ခဲ့ကြသူများမှာ တောင်သူ လယ်သမားဦးကြီးများပင်ဖြစ် သည့်အတွက် မြန်မာနိုင်ငံအတွက် အဓိကအရေးပါသူများဖြစ်ကြောင်း တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံစေရေးနှင့် အဓိကဝင်ငွေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေ ကြသူများဖြစ်သဖြင့် ကျေးဇူးရှင် တောင်သူ ဦးကြီးများဟုပင် မြန်မာနိုင်ငံသားအားလုံးက တင်စားပြောဆိုခဲ့ကြပြီး နှစ်စဉ်မတ်လ ၂ ရက်နေ့ကို “တောင်သူလယ် သမားနေ့” အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့တာဖြစ်ကြောင်း၊ ၁၉၃၀ ပြည့်နှစ်တွင် ဆရာစံဦးဆောင်သည့် တောင်သူလယ်သမား အရေးတော်ပုံ ပေါ်ပေါက်လာခဲ့သည့် မြန်မာ့လွတ်လပ်ရေးသမိုင်းဝင် တော်လှန်ရေးအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရသည်။
နန်းခွာညိုနှင်း(ပြန်/ဆက်)