ချောင်းဆုံ စက်တင်ဘာ ၂၉
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀ မှ ၈၅)နှစ်အတွင်းသက်ကြီး ဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် (၁၀:၃၀)နာရီခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ပေးအပ် ခဲ့ ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ငွေများကို ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်အရ မိသားစု စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးရခြင်း ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်း က အဖွင့်အမှာစကားပြောကြားပြီး အသက် (၈၀ မှ ၈၅)နှစ် အတွင်းရှိ သက်ကြီးဘိုးဘွားတစ်ဦးလျှင်ကျပ် (၃၀၀၀၀)နှုန်းဖြင့် အဘိုးဘွား (၁၃၁၉)ဦးအတွက် ထောက်ပံ့ ငွေစုစုပေါင်း (၃၉၅၇၀၀၀၀)ကျပ်အား တာဝန်ရှိသူများ က ရပ်/ကျေးအုပ်ချုပ်ရေးမှူး ထံပေး အပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)