ရေး စက်တင်ဘာ ၂၉
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကန့်သတ်စောင့်ကြည့်ရေးစခန်း (၄)ခု ဖွင့်လှစ်ထားရှိပြီး စောင့်ကြည့်ထားရှိသူများနှင့် စောင့်ကြည့်ရေးစခန်းများကို အလှူငွေများ၊ စားသောက်ဖွယ်ရာများနှင့် ရေသန့်ဘူးများ လှူဒါန်း လျက်ရှိကြောင်း သိရသည်။
မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး၊ ပြည်သူ့ ဆေးရုံကျန်းမာရေးဝန်ထမ်းအိမ်ယာစောင့်ကြည့်ရေးစခန်း အဖွဲ့ခေါင်ဆောင် ဦးစိုးထိုက်ဇော်နှင့် ဌာနဆိုင်ရာများ၊ တာဝန်ကျလူမှုရေးအသင်းအဖွဲ့ကိုယ်စားလှယ်များ၊ ရပ်ကွက် /ကျေးရွာအုပ်ချုပ် ရေးမှူးတို့မှ အလှူရှင်များ၊ စေတနာရှင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ လုပ်ငန်းရှင်တို့က လှူဒါန်းထားသောအလှူငွေများ၊ စားသောက် ဖွယ်ရာများနှင့် ရေသန့်ဘူး များကို ကန့်သတ်စောင့် ကြည့်ရေး စခန်း အသီးသီးတို့တွင် လာရောက်လှူဒါန်း ခဲ့ကြ သည်။
ရေးမြို့နယ်တွင် မိမိနေရပ်သို့ ပြန်လည်ဝင်ရောက်လာသူများ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ Stay at home အစီအစဉ်တွင် ပါဝင်သောမြို့နယ်များမှ ပြန်လည် ဝင်ရောက် လာသူများကို ကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင်ထားရှိပြီး ရေးမြို့ ပြည်သူ့ဆေးရုံ ဝန်ထမ်း အိမ်ယာ၊ အဘော်ကျေးရွာကျားတန်း၊ အစင်ကျေးရွာ၊ ဇီးဖြူ သောင်ကျေးရွာနှင့် နှစ်ကရင်ကျေးရွာ အပါအဝင် စောင့်ကြည့်ရေးစခန်း (၅) ခုကို ဖွင့်လှစ်ထားရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)