ပေါက်တောမြို့နယ် တောင်းဖူးကျေးရွာ၌ ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲကျင်းပ

ပေါက်တော မတ် ၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ ဒေသဝမ်းစာဆီဖူလုံနိုင်ရေး နေကြာစိုက်ခင်းများ တို့ချဲ့ဆောင်ရွက် လျက်ရှိရာ တောင်းဖူးကျေရွာအုပ်စုရှိ ကွင်းအမှတ် ၁၀၇၀ တောင်သူ ဦးဂေါင်းလုံး၌ စိုက်ပျိုးထားသောဆောင်းနေကြာ (ဆင်းရွှေကြာ-၂)လေးဧက စံပြကွက်၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲကျင်းပခဲ့ကြောင်း သိရ သည်။

အဆိုပါ ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေး၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်သမဝါ ယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဒေသခံတောင်သူများနှင့် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

တောင်းဖူးကျေရွာအုပ်စုရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်သည့် ဒေသတစ်ခု ဖြစ်ပြီး ယခုနှစ်ဆောင်းရာသီ၌ ဒေသတွင်း စားသုံးဆီဖူလုံရေးနှင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)