ဘူးသီးတောင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန(၄)ခုဖြင့် ကျင်းပမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူ (၁၃၇၈)ဦး ဝင်ရောက်ဖြေဆိုမည်

ဘူးသီးတောင် မတ် ၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်(၄)ခုဖြင့် ကျင်းပမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၁၃၇၈)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအား မြန်မာနိုင်ငံတစ်ဝန်းတွင် မတ်လ(၈)ရက်နေ့မှ မတ်လ(၁၈)ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ရာ ဘူးသီးတောင်မြို့နယ်၌ စာမေးပွဲကျင်းပသွားမည့် စာစစ်ဌာနများမှာ အထက-၁ စာစစ်ဌာန၊ အထက-၂ စာစစ်ဌာန၊ အထက(ခွဲ) အလက(၂)နှင့် အထက(ခွဲ)အလက(၃) ဘူးသီးတောင်စာစစ်ဌာနများဖြစ်ပြီး အထက-၁ စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ(၅၆၆)ဦး၊ အထက-၂ စာစစ်ဌာနတွင် (၄၉၂)ဦး၊ အထက(ခွဲ)လ (၂)တွင်(၁၃၆)ဦးနှင့် အထက(ခွဲ)လ(၃)တွင် (၁၈၄)ဦးစုစုပေါင်း (၁၃၇၈)ဦးတို့ ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လှကျော်( ပြန်/ ဆက်)