ကျိုက်မရောမြို့နယ်တွင် အသက်တစ်နှစ်အောက်ကလေးများအား လစဉ်ပုံမှန်ဆေးထိုး ဆေးတိုက်ခြင်းများဆောင်ရွက်

ကျိုက်မရော  မတ်

ကျိုက်မရောမြို့နယ်အတွင်းရှိ မွေးကင်းစမှ တစ်နှစ်အောက် ကလေးငယ်များအားလုံး ကျန်းမာ  ပျော်ရွင်စွာ ကြီးပြင်းလာစေရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့်   ကျန်းမာရေးဝန်ထမ်းများက လစဉ်မွေးကင်းစအရွယ်မှစတင်၍ အသက်တစ်နှစ်အောက် ကလေးများအား ပုံမှန်ဆေးထိုးဆေးတိုက်ခြင်း လုပ်ငန်းများကို  မတ်လ ရက်နေ့မှ စတင်ကာ    ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးစုရပ်အသီးသီး၌ လှည့်လည်ကာ  ပုံမှန်ကာကွယ်ဆေးဖြစ်သည့်  ဆုံဆို့၊  ကြက်ညာ၊ မေးခိုင်၊  အသည်းရောင်အသားဝါ(ဘီ) ပိုး၊ ဦးနှောက်အမြေးရောင်  ၅မျိုးစပ် ကာကွယ်ဆေး ပိုလီယို အကြောသေ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျောရောဂါ  စသည့်  ကာကွယ်ဆေးများကို  လစဉ်လဆန်း  တစ်ရက်နေ့မှစ၍  သတ်မှတ်ထားသည့် စုရပ်များ၌ ပုံမှန်  တိုက်ကျွေးလျက်ရှိကြောင်း ကလိုင်းကနိုင်ကျေးရွာ မိခင်နှင့်ကလေးကျန်းမာရေးဆေးခန်းမှ သားဖွား ဆရာမ ဒေါ်နီနီအေးထံမှ သိရသည်။

 ကျိုက်မရော(ပြန်/ဆက်)