မာန်အောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အဋ္ဌမတန်း(Grade- 9) ကျောင်းသား/သူများ၏နှစ်ဆုံး စာမေးပွဲအောင်မြင်စွာဖြေဆိုပြီးစီး

မာန်အောင် မတ် ၁

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃  ပညာသင်နှစ်အတွက် အဋ္ဌမတန်း(Grade- 9) ကျောင်းသား/ သူများ၏ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်ကစတင်၍ သက် ဆိုင်ရာ စာစစ်ဌာနအလိုက် ကျင်းပခဲ့ရာ ယနေ့နံနက် ၁၁ နာရီချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။

မာန်အောင်မြို့နယ်တွင်အခြေခံပညာ ကျောင်းပေါင်း(၁၁၈)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၁)ကျောင်း စုစုပေါင်း (၁၁၉)ကျောင်းရှိပြီး ပြည်နယ်စစ်အဋ္ဌမတန်း (Grade- 9) ကျောင်းသား/သူများအတွက် စာစစ်ဌာန (၂၃)ခု ဖွင့်လှစ်၍ ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ၁ရက်နေ့ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ အထွေထွေသိပ္ပံဘာသာရပ်များကို တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် နံနက် ၉ နာရီမှ ၁၁ နာရီထိကျင်းပဖြေဆိုခဲ့ကြရာ ကျောင်းသား/သူစုစု ပေါင်း(၆၉၉)ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို ကျောင်းသား၊ကျောင်း သူများ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာစာစစ်ဌာန ကြီးကြပ်ရေးမှူးများနှင့် တာဝန်ကျဆရာ/ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)