ကျောက်တော်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန(၃)ခုတွင်ကျောင်းသား/သူ (၁၉၈၁)ဦး ဝင်ရောက်ဖြေဆိုမည်

ကျောက်တော်  မတ်  ၁

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် ကျောက်တော်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ (၁၉၈၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မတ်လ (၈) ရက်နေ့မှ မတ်လ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကျောက်တော်မြို့နယ်တွင် အ-ထ-က(ကျောက်တော်) စာစစ်ဌာနတွင် အလွတ်ဖြေ  ကျောင်းသား/ကျောင်းသူ(၇၈၀)ဦး အ-ထ-က မြို့မစာစစ်ဌာနတွင် (၆၃၀)ဦး အ-ထ-က(ခွဲ)ရှမ်းရွာ စာစစ်ဌာနတွင် (၅၇၁)ဦး စာစစ်ဌာန (၃)ခုတို့တွင် အလွတ်ဝင်ရောက်ဖြေဆိုကြမည့်ကျောင်းသား ၊ကျောင်းသူ စုစုပေါင်း(၁၉၈၁)ဦး တို့မှ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း