ကျိုက်ထို မတ် ၁
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းဒေသသီးနှံ စိုက်ပျိုးလျှက်ရှိသည့် တောင်သူများ၏ လယ်ယာမြေအထွက်တိုးနှုန်း တိုးတက်မြင့်မားလာစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းတာဝန်ခံများ အနီးကပ်ကူညီ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ပေးရာတွင် မြေဆီလွှာ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မတ်လ ၁ ရက် နံနက်၇နာရီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဗိုလ်နှင့်ဝန်ထမ်းများက ကျိုက်ပိကျေးရွာတောင်သူ ဦးကျော်ဌေး၏ စိုက်ပျိုးဧက (၇)ဧကပိုက်ဆံလျှော်စိုက်ခင်းအား ထည်ထိုးမြေမြှုပ်ပေးခြင်းကို ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးခြင်းကြောင့် မြေဆီလွှာခမ်းခြောက်လျှက်ရှိသည့် လယ်ယာမြေသည် နောက်နှစ်မိုးတွင်းကာလတွင် မြေဆီလွှာပြည့်ဝလာပြီး မိုးစပါး/ နွေစပါး အပါအဝင်ဆောင်းသီးနှံများ စိုက်ပျိုးရာတွင် အထွက်တိုးနှုန်း မြင့်မားလာ၍ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဝင်းမောင်(ကျိုက်ထို)