သံဖြူဇရပ် မတ် ၁
သံဖြူဇရပ်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှကြီးမှူး၍ ရုံးဝန်ထမ်းများ စာရင်းဇယားဆိုင်ရာ အချက်အလက်များ လုပ်ကိုင်ရာတွင် မှားယွင်းမှုမရှိစေရန် ရည်ရွယ်၍ စာရင်းကိုင်နှင့် ရုံးလုပ်ငန်းဆိုင်ရာ သင်တန်းကို ယနေ့ နံနက် (၁၀)အချိန်က သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ထို့နောက် သင်တန်းကို ဆက်လက်ပို့ချရာ မြို့နယ်စာရင်းစစ်ဦးစီးဌာနမှ ဒုစာရင်းစစ်မှူး ဒေါ်ယဉ်ယဉ်သီက စာရင်းကိုင်နှင့် ရုံးလုပ်ငန်းများ အကြောင်းအရာကို ရှင်းလင်းသင်ကြားပို့ချပေးခဲ့သည်။
အဆိုပါသင်တန်းကို မြို့နယ်အထွေထွေအအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်း (၃၅)ဦး၊ ဌာနဆိုင်ရာ ဝန်ထမ်း (၁၅)ဦး၊ စုစုပေါင်း(၅၀)ဦးအား နံနက် (၁၀)နာရီမှ ညနေ (၄) နာရီထိတစ်ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)