လယ်ဝေးမြို့နယ်တွင် GIS နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက် ဖွဲ့စည်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

လယ်ဝေး မတ် ၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်တွင်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ GISနည်းပညာကို အသုံးပြုပြီး မြေပုံရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက် ဖွဲ့စည်းခြင်းလုပ်ငန်းအား ယမန်နေ့မှစတင် ဆောင်ရွက်လျက်ရှိသည်။

လယ်ဝေးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များဖြစ်ကြသည့် အမှတ် ၄၊ ၅၊ ၆၊ ၇ ရပ်ကွက်များအား ယနေ့ နံနက်ပိုင်းကရပ်ကွက်(၃) မြို့နယ်သာသနာ့ဗိမာန်၌ အခြေပြု၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဇော်မင်းလတ်နှင့် သင်တန်းသားများ၊ GIS နည်းပညာအကြံပေး အိန္ဒိယနိုင်ငံသား Mr Venkat Dheeravath နှင့် ပညာရှင်များက အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ လဝကတိုက်နယ်မှူးများ၊ မြို့နယ် လဝက ဦးစီးမှူး တို့နှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ GIS နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက် ဖွဲ့စည်းခြင်းလုပ်ငန်းအား လယ်ဝေးမြို့နယ်အတွင်းရှိ မြို့ပေါ်(၇)ရပ်ကွက်တွင် စမ်းသပ်ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက် )