သီပေါ မတ် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ Grade-9 နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက်ပိုင်းက ဖြေဆိုပြီးစီးကြောင်း သိရသည်။
သီပေါမြို့နယ်အတွင်း၌ အခြေခံပညာကျောင်းပေါင်း (၁၀၇)ကျောင်းရှိရာ အဆိုပါကျောင်းများမှ Grade-9 ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၈၉)ဦးတို့သည် နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှစတင်၍ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံနှင့် လူမှုရေး ဘာသာရပ်များကို တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းနှင့် ယနေ့နံနက်ပိုင်းက ဘာသာရပ်အားလုံး ဖြေဆိုပြီးစီးပြီဖြစ်ပါကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)