မြစ်သား မတ်၁
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန မှကလေးသူငယ်အခွင့် အရေးဆိုင်ရာဥပဒေ အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီ မြစ်သား မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်သန်းသန်းစိုးက ကလေးသူငယ်အခွင့်ရေး များဆိုင်ရာ (၂၀၁၉)ဥပဒေပါ ကလေးသူငယ်အခွင့်ရေး(၄)မျိုးကိုရည်ရွယ်၍ ကလေးသူငယ်၏အကောင်းဆုံးအကျိုး စီးပွားရေးဆိုင်ရာ၊ ကလေး သူငယ်တိုင်းရရှိခံစားနိုင်တဲ့အခွင့်ရေးများ၊ ကလေးသူငယ်များရဲ့ မွေးရာပါအခွင့်ရေးများ၊ ပညာရေး ၊ ကျန်းမာရေးဆိုင်ရာအခွင့်ရေးများ ၊ ကလေး သူငယ်များ အနစ်နာဆုံးရှုံးမှုနှင့်ပတ်သက်ပြီး ဆောင်ရွက်သင့်တဲ့အချက်များ မသန်စွမ်းကလေးငယ်များ ရရှိနိုင်သောအခွင့်ရေးများ အကြောင်းကို ဟောပြောခဲ့ရာထို့နောက်မြို့မရဲစခန်းမှ စခန်းမှူးဦးဇော်ဝမ်းက ကလေးအလုပ်သမားပပျောက်ရေးနှင့် အားလုံးလက်တွဲစောက်ရှောက်ရေး၊ ဆင်းရဲမွဲတေမှုလျော့ချရေး၊ ပြစ်မှု၊ ပြစ်ဒဏ်ဆိုင်ရာများအကြောင်း ရှင်းလင်း၍ ဟောပြောခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ မူလတန်းကြိုကျောင်းမှ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)