ရန်ကုန် မတ် ၁
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၃၂) ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ဒေါပုံမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲသို့ အတွဲ(၁)ဘာသာရပ်တွင် ၁၄၂ ဦး၊ အတွဲ(၂)ဘာသာရပ်တွင် ၉ ဦးနှင့် အတွဲ(၇)ဘာသာရပ်တွင် ၈၁ ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၂၃၂ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။ ဒေါပုံမြို့နယ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်းသာရှိပြီး စာစ်ဌာနကို အဆိုပါကျောင်းတစ်ကျောင်းတွင်သာ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ တာဝန်ရှိသူများထံက သိရသည်။
ချစ်စုဝေ(ပြန်/ ဆက်)