ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၅)ရွာမှ စိုက်ပျိုးရေး၊မွေးမြူးရေး၊အရောင်းအဝယ်နှင့် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ  ၇၇၄ ဦးအား မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေး

ဝမ်းတွင်း  မတ် ၁

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေးအရောင်းအဝယ်နှင့် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ(၇၇၄)ဦးအား မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာများတွင် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်းကျေးရွာစီမံကိန်းရန်ပုံငွေ (၅)ယူနစ်ကို နတ်ကန်(န)၊ ကျွဲတပ်၊ လက်ပက်ကုန်း၊ သနပ်ခါးတောနှင့် ပေါက်ကန်+ဒါးလှကျေးရွာတို့မှ (၅)ယူနစ်အတွက် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် အရင်းဆပ်ကာလ ပြည့်မြောက်ခဲ့၍ အဆိုပါကျေးရွာများမှ ပြန်လည်ပေးဆပ်ခြင်းနှင့် ထုတ်ချေးခြင်းတို့ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးနှင့် ဝန်ထမ်းများက ကြီးကြပ်ပြီး ကျေးရွာမြစိမ်းရောင်ကော်မတီဝင်များက မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးခဲ့သည်။ ယင်းသို့ ထုတ်ချေးပေးရာ တွင် ကျေးရွာ(၅)ရွာမှ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ ၄၄၇ ဦးအတွက် ထုတ်ချေးငွေ ၁၀၀.၃သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၁၄ ဦးအတွက် ထုတ်ချေးငွေ ၄၇.၄၅သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၂၉ ဦးအတွက် ထုတ်ချေးငွေ ၅.၃သန်း၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ ၈၄ ဦးအတွက် ထုတ်ချေးငွေ ၂၅.၂သန်းတို့ကို အသီးသီး ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။         

သိန်းမြင့်ကျော်(မိတ္ထီလာ)