နောင်တရားမြို့ လူမူကူညီရေးအသင်း၊ စန္တာခမ်းရုံး လူမူကူညီရေးကော်မတီနှင့်အလှူရှင်များက ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအတွက် လူသုံးကုန်နှင့် စားသောက်ကုန်များ သွားရောက်လှူဒါန်း

နောင်တရား ဖေဖော်ဝါရီလ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ဘုန်းတော်ကြီးကျောင်းများ၌ ခေတ္တခိုလုံရောက်ရှိလာသည့် ယာယီနေရပ် စွန့်ခွာသူ ပြည်သူများအတွက် နောင်တရားမြို့ လူမူကူညီရေးအသင်း၊ စန္တာခမ်းရုံး လူမူကူညီရေးကော်မတီနှင့် အလှူရှင်များက လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်များကို ယနေ့နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိ လုံးပျဉ်၊ တောင်မဲသင်း၊ ပင်ပွံ၊ နှမ်းနှိမ် ကျေးရွာများမှ ဒေသခံပြည်သူများ နေရပ်စွန့်ခွာ၍ ပင်လောင်းမြို့ မင်္ဂလာကွက်သစ် ဓမ္မရုံ၊ ဝါးလီးကျောင်း၊ တောင်လေးဘုန်ကြီးကျောင်း၊ ထီဗိ ဘုန်းကြီးကျောင်း၊ ဆောင်းပြောင်း၊ နန်းထာဘုန်းကြီးကျောင်း၊ ပင်ခွန်ဘုန်းကြီးကျော်းများ၌ ခေတ္တခိုလုံ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် နောင်တရားမြို့ လူမူကူညီရေးအသင်း၊ စန္တာခမ်းရုံးလူမူကူညီရေးကော်မတီနှင့် အလှူရှင်များက လူသုံးကုန်ပစ္စည်းနှင့် အခြေခံစားသောက်ကုန်များကို သွားရောက်လှူဒါန်းကြကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)