နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် နွေစပါးစီမံကိန်းအတွက် သွင်းအားစုအစုအဖွဲ့များနှင့် ဝယ်ယူကြိတ်ခွဲတင်ပို့သူများတို့ဖြင့် စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ  ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်းအတွက် သွင်းအားစုအစုအဖွဲ့များနှင့် ဝယ်ယူကြိတ်ခွဲတင်ပို့သူများတို့ဖြင့် စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးဝင်းထိန်က နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစိုက်ပျိုးထုတ်လုပ်မည့်လုပ်ငန်းများ၊ တောင်သူများလိုအပ်သည့် သွင်းအားစုစာရင်းများကိုလည်းကောင်း၊ ကြိတ်ခွဲသူများအစုအဖွဲ့များနှင့် သွင်းအားစုအဖွဲ့များက ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်းအတွက် သဘောတူစာချုပ်များချုပ်ဆိုခဲ့ကြကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)