မိုင်းနောင် ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ရှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်းရုံး ဆောက်လုပ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို မင်္ဂလာရန်အောင်ကျောင်းတိုက်တွင် ယမန်နေ့ ည (၆) နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အစည်းအဝေးကို နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်ကာ မိုင်းနောင်မြို့ မင်္ဂလာရန်အောင်ကျောင်းတိုက်၊ ကျောင်းတိုင်ဆရာတော် အရှင်ပညာဘောဂါဘိပါလ (P.G.D&M.A) ထံမှ သြဝါဒခံယူ၍ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းက အဖွင့်အမှာ စကားခဲ့သည်။ ဆက်လက်၍ ရှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ ဒေါ်နန်းနုနုနွမ်းက အသင်းရုံးဆောက်လုပ်နိုင်ရန် ကြိုတင်ဆောင်ရွက်ထားရှိမှုများနှင့် အဆောက်အဦးပုံစံ၊ ကုန်ကျမည့်ငွေတန်ဖိုး၊ ပစ္စည်းတန်ဖိုးများနှင့် အလှူရှင်များထံမှ ထည့်ဝင်ထားသောငွေနှင့် ပစ္စည်းအချက်အလက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မိုင်းနောင်မြို့ ရှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်းရုံး စတင်ဆောက်လုပ်မည့်နေ့ရက်နှင့် လိုအပ်သည်များ အမြန်အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ရှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်းတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မနန်း(မိုင်းနောင်)