တပ်ကုန်း ဖေဖော်ဝါရီ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း နွေးစပါးစိုက် တောင်သူများ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ သက်တမ်းတိုးပြီး၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များအား ပြောင်းလဲစိုက်ပျိုးလာခြင်းနှင့်လယ်စိုက်တောင်သူများ လျာထား ဧကထက်ပြည့်မီကျော်လွန်ရေး ထွန်ယက်စိုက်ပျိုးလျက်ရှိသည်။
တပ်ကုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ နွေးစပါးကို ဆင်သေဆည်ရေသောက်စနစ်ဖြင့် ဧက ၇၀၀၀၊ ကင်းသာဆည်ရေသောက်စနစ်ဖြင့် ဧက ၇၀၊ စုစုပေါင်းဧက ၇၀၇၀ လျာထားပြီး၊ ဆင်းသုခ၊ ချမ်းမြေ့လေ၊ ထိုင်းနှံကောက်နှင့် GW-11 စပါးမျိုးများ စိုက်ပျိုးလျက်ရရှိကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်