ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ ကျေးစာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံဆိပ်ကမ်း ဖေဖော်ဝါရီ  ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ ကျေးစာရေးများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းအောင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများအား မိမိတို့မြို့နယ် ရပ်ကွက်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ်လိုအပ်၍ အကျိုးပြုသောလုပ်ငန်းများဖြစ်စေရန်၊ တည်ဆာက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ကော်မတီဖြင့် စစ်ဆေးဖို့လိုအပ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဌာနဆိုင်ရာများမှလည်း ပြန်လည်ဆွေးနွေးစေလိုပါကြောင်း၊ စစ်ကြောင်းကြီး ၅ ကြောင်းတွင် ပါဝင်သည့်အဖွဲ့များကလည်း လိုအပ်ချက်များကို ဝိုင်းဝန်းပြီးဆောင်ရွက်ပေးဖို့လိုအပ်ပါကြောင်း၊ မြန်မာ့ရိုးရာသင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြား ခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်စီမံကိန်း လုပ်ငန်းပြီးစီးမှုများအား တင်ပြဆွေးနွေးကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းများအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ (ပြန်/ ဆက်)