ဆွမ်ပရာဘွမ်မြို့နယ် စာစစ်ဌာနများ၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲဖြေဆို

ဆွမ်ပရာဘွမ် ဖေဖော်ဝါရီ ၂၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ Grade(5)နှင့် Grade(9) နှစ်ဆုံးစာမေးပွဲ များကို​ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှစ၍ ဖြေဆိုလျက်ရှိရာ ယနေ့ နံနက် ၉ နာရီချိန်မှ Grade(5)လူမှုရေးဘာသာရပ်နှင့် Grade(9) သမိုင်းဘာသာရပ်များကို ဖြေဆိုလျက်ရှိ ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်အနေဖြင့် စာစစ်ဌာန(၈)ခုရှိပြီး Grade(5) စာစစ်ဌာန(၅)ခုနှင့် Grade(9) စာစစ်ဌာန(၃)များ၌ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိရာ Grade(5) စာမေးပွဲသည် မြို့နယ်စစ်ဖြစ်ပြီး ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှ (၂၈)ရက်နေ့ထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့်လည်းကောင်း၊ Grade(9) စာမေးပွဲသည် ခရိုင်စစ်ဖြစ်ပြီး ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှ မတ်လ(၁)ရက်နေ့ထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့်လည်းကောင်း ဖြေဆိုလျက်ရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဧပရယ်မိုး(ဆွမ်ပရာဘွမ်)