လယ်ဝေးမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade- 5 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ အေးချမ်းစွာ ဖြေဆိုပြီးစီး

လယ်ဝေး ဖေဖော်ဝါရီ ၂၈

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း (Grade-5)နှင့် အဋ္ဌမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ဖြေဆိုလျက်ရှိသည်။

လယ်ဝေးမြို့တွင် အခြေခံပညာကျောင်းပေါင်း(၂၆၄)ကျောင်းရှိရာ ခရိုင်စစ် Grade- 5 ကျောင်းသား၊ ကျောင်းသူများသည် (၂၆၂)ကျောင်းတွင်ဖြေဆိုခဲ့ပြီး တိုင်းစစ် Grade-9 ကျောင်းသား၊ ကျောင်းသူများသည် အခြေခံပညာကျောင်း(၇၅)ကျောင်းတွင် မတ်လ ၁ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်သည်။

ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၆၂)ကျောင်းတွင် Grade-5 ကျောင်းသား၊ ကျောင်းသူလေးများ နှစ်ဆုံးစာမေးပွဲလူမှုရေးဘာသာရပ်ကို အေးချမ်းစွာဖြေဆိုပြီးစီးကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲများကို အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများက လုံခြုံရေးကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)