ကျိုင်းတုံ ဖေဖော်ဝါရီ ၂၈
အစိုးရနည်းပညာအထက်တန်းကျောင်း(ကျိုင်းတုံ)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြာပွဲ၊ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပသည်။
ဟောပြောပွဲတွင် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျိုင်းတုံ) ကျောင်းအုပ် ဦးတေဇာလင်း နှင့် ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေး တို့က ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေများ လေ့လာဖတ်ရှခြင်းဖြင့် အသိပညာဗဟုသုတများ ပိုမိုကြွယ်ဝလာမည်ဖြစ်ကြောင်း၊ စဉ်းစားတွေး ခေါ်မှုမှန်ကန်စေရေး အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှကြရန်၊ စာပေဖတ်ရှခြင်း၏ အကျိုးကျေးဇူများကြေင်းနှင့် စာပေဖတ်ရှမှုပိုမိုတိုးပွားလာစေရေး အသိပညာပေး ဟောပြော ကြသည်။
ထို့နောက် ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက မူယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ် စာစောင်များ ပြသဆောင်ရွက်ပြီး သုတ၊ ရသ စာအုပ်စာစောင် များပြသ၍ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)