မန္တလေးခရိုင် ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် တိုင်းခုခံကာလသား ရောဂါတိုက် ဖျက်ရေးဌာနမှ စီစဉ်ဖွင့်လှစ်သည့် ခုခံကျကာလသားရောဂါတိုက်ဖျက်ရေးသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးဒေါက်တာနှင်းဇော်သိန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးခဲ့ပြီး တိုင်းခုခံကာလသား ရောဂါတိုက်ဖျက်ရေးဦးစီးဌနမှ ဆရာဝန်ကြီးဒေါက်တာငြိမ်းချမ်းနှင့် ဆရာဝန်များကဆောင်ရွက် ရမည်အချက်များကို သင်ကြားပေးခဲ့ကြောင်း သိရသည်
အဆိုပါသင်တန်းကို ပြည်ကြီးတံခွန်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ကျော်အောင် (ခရိုင် ပြန်/ဆက်)