ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာ၌ ဆီနေကြာ စံပြစိုက်ခင်းအောင်မြင်ဖြစ်ထွန်း

ကျိုက်ထို ဖေဖော်ဝါရီ ၂၈

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေဖြင့် မိုးစပါးရိတ်သိမ်းပြီး ချိန်ဆောင်းသီးနှံအဖြစ် ပဲ၊ နေကြာ၊ ရာဘာများ အား စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်လိုသည့် တောင်သူများကို စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန် ရန်ပုံငွေနှင့်အတူ ဆီနေကြာမျိုးစေ့များအား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့မှ ပေးအပ်ခဲ့သည်။

ထိုသို့စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ကျိုက်ထိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံအဖြစ် ဆီနေကြာသီးနှံစိုက်ပျိုးသည့် တောင်သူများကို သင်တန်းပို့ချ၍ လိုအပ်ချက်များကိုကူညီ ဆောင်ရွက်ပေးမှုကြောင့် ကျိုက်ထိုမြို့နယ် ကော့ထင်းစံပြကျေးရွာမှ တောင်သူဦးဝင်းစိုး၏ ဆီနေကြာတစ်ကွင်းတဆက်တည်း(၁၀)ဧကစံပြစိုက်ခင်းမှာ လေလွင့်ဆုံးရှုံးမှုမရှိသည့်အပြင် ဆီထွက်နေကြာစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း စိုက်ပျိုးရေးဌာနမှ သိရသည်။

ဝင်းမောင် (ပြန်/ ဆက်)