ဝမ်းတွင်း ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မီးဘေးအန္တရာယ်စိုးရိမ်ရသော လုပ်ငန်းများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ စက်ရုံ/အလုပ်ရုံများနှင့် စက်မှုလုပ်ငန်းများတွင် ဆောင်ရွက်ခဲ့ကြ သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းက မီးဘေးအန္တရာယ်စိုးရိမ်ရသော လုပ်ငန်းများအား မီးဘေးကြိုတင်ကာကွယ်ရေး စက်ရုံ/အလုပ်ရုံများ၊ စက်မှုလုပ်ငန်းများသို့ကွင်းဆင်း၍ ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်း ဆွေးနွေးခဲ့သည်။ ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီတွင် မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရန် မြို့နယ် မီးသတ်ဦးစီးမှူးဦးဆောင်၍ တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၊ စက်မှုလုပ်ငန်းများတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ မီးသတ်ဆေးဗူး အသုံးပြုပုံ များကို ရှင်းလင်းဆွေးနွေးခြင်းနှင့် လက်တွေ့အသုံးပြုပုံများကို သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်း ဦးဆောင်၍ မီးသတ်စခန်းတာဝန်ခံအရာရှိများနှင့် တပ်ဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)