ဘူးသီးတောင်မြို့၌ ကျေးရွာမီးဘေးလုံခြုံရေးနှင့် အိမ်တွင်းမီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့မီးငြိမ်းသတ်နည်း သရုပ်ပြ

ဘူးသီးတောင် ဖေဖော်ဝါရီ ၂၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ကျေးရွာမီးဘေးလုံခြုံရေးနှင့် အိမ်တွင်းမီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်း၊ မီးငြိမ်းသတ်နည်း သရုပ်ပြအခမ်းအနားကို ယမနေ့ ညနေပိုင်းက ဂန္ဓာမာကျေးရွာ၌ ပြုလုပ်ခဲ့ကြသည်။

ရှေ့ဦးစွာ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်သန်းဝင်က ကျေးရွာမီးဘေးလုံခြုံရေး၊ အိမ်တွင်းမီးဘေးလုံခြုံရေးနှင့် ပတ်သတ်၍ အသိပညာပေး ရှင်းလင်းခြင်း၊ မီးသတ်ဆေးဗူး ကိုင်တွယ်အသုံးပြုနည်းနှင့် မီးသတ်ဆေးဗူးသုံးစွဲရခြင်းဖြင့် အကျိုးရှိပုံ အကြောင်းများအား ရှင်းလင်းပြောကြားကာ ကျေးရွာသူ/သားများအား Dry Chemical powder(DCP)ဖြင့် လက်တွေ့မီးငြိမ်းသတ်နည်းစနစ်ဖြင့် အသုံးပြုလေ့ကျင့်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှကျော် ( ပြန်/ဆက်)