ကျိုက်ထိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (ပဲတီစိမ်း)စံပြစိုက်ခင်းနှင့်ပတ်သက်၍ ကွင်းဆင်းဆွေးနွေး

ကျိုက်ထို ဖေဖော်ဝါရီ ၂၈

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် မိုးစပါးရိတ်သိမ်းမှုပြီးချိန်၌ တောင်သူများနွေစပါးနှင့် ဆောင်းသီးနှံများအား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ယင်းသို့စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးကြပ်၍ စံပြစိုက်ကွက်များအဖြစ် သတ်မှတ်ကာ တောင်သူများအားလိုအပ်သည့် အသိပညာပေးဆွေးနွေးခြင်း၊ မြို့နယ်မြေဩဇာကြီးကြပ်ရေးကော်မတီမှ လိုအပ်သည့် ဓာတ်မြေဩဇာများကိုထောက်ပံ့ပေးလျက်ရှိသည်။

အဆိုပါစိုက်ပျိုးချိန်တွင် ကျိုက်ပိကျေးရွာ၌(ပဲတီစိမ်း)စိုက်ပျိုးလျက်ရှိသည့် တောင်သူဦး‌မောင်ကြီး၏ စံပြစိုက်ကွက်တွင် ပိုးမွှားများကျရောက်မှုရှိကြောင်းသိရှိရ၍ ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဦးဝင်းဗိုလ်၊ လက်ထောက်ဦးစီးမှူးဦးအေးဘတ်နှင့်ဝန်ထမ်းများက သွားရောက်စစ်ဆေးရာ အပွင့်များ‌ထွေးခြင်း၊ ရွက်စားခူစားခြင်း၊ ပျ/ပိုးမွှားများကျရောက်ခြင်း၊ ဖားဥ မှိုရောဂါများကျ‌ရောက်ခြင်းအား တွေ့ရှိရ၍ ဦးစီးအရာရှိဦးဝင်းဗိုလ်က တောင်သူများနှင့် တွေ့ဆုံပြီးကာကွယ်ရမည့် နည်းလမ်းများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)