မာန်အောင် ဖေဖော်ဝါရီ ၂၇
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းများမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ မတ်လ ၈ ရက်နေ့ထိ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
မာန်အောင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၉)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၄)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်းရှိပြီး စာစစ်ဌာန(၂)ခု ဖွင့်လှစ်ဖြေဆိုရမည်ဖြစ်ရာ အ-ထ-က မာန်အောင်စာစစ်ဌာနတွင်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၃၁၆)ဦး၊ အ-ထ-က(ခွဲ) စျေးတန်းစာစစ်ဌာနတွင်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၁၀၇)ဦး စုစုပေါင်း(၄၂၃)ဦး တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာကျောင်းအုပ်ကြီးမှတစ်ဆင့် ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သိန်းဖေ