ထန်းတပင်မြို့နယ်၌ သာသနာ့သာသနာ့ဗိမာန်တော်ကြီးတည်ဆောက်ပြီးစီးမှု ရှစ်ဆယ်ရာခိုင်နှုန်းထိ ပြီးစီးနေပြီဖြစ်

ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၂၇

ထေရဝါဒဗုဒ္ဓသာသနာတော်ဆိုင်ရာလုပ်ငန်းများကို သံဃာတော်အရှင်သူမြတ်များဆောင်ရွက်ရာတွင် မပင်မပန်းငြိမ်းချမ်းစွာ သီတင်းသုံးတော်မူလျက် သာသနာ့အကျိုးသယ်ပိုးဆောင်ရွက်နိုင်​ရန်အတွက် မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးကို အမှတ်()ရပ်ကွက်ရှိ မြို့ကျက်သရေဆောင်တ၀ရွှေဂူကြီးဘုရား အာရုံခံတန်ဆောင်းရှေ့တွင် တည်ဆောက်လျက်ရှိရာ လက်ရှိအချိန်တွင် တည်ဆောက်ပြီးစီးမှုများနေဖြင့် ရှစ်ဆယ် ရာခိုင်နှုန်းထိတည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်လုံးဆိုင်ရာသာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရေးကော်မတီထံမှ သိရသည်။
ထန်းတပင်မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးကို (၂၀၁၉)ခုနှစ်၊ ဧပြီလနောက်ဆုံးအပတ်မှ စတင်ပြီးတော့တည်ဆောက်နေတာဖြစ်ပါတယ် လက်ရှိတည်ဆောက်မှုကုန်ကျငွေအနေနဲ့ကတော့ ပထမအကြိမ်အောက်ခံဖောင်းဒေးရှင်း တည်ဆောက်ပြီးစီးမှုအတွက် ကုန်ကျငွေကျပ်သိန်း(၄၅၀)၊ ဒုတိယအကြိမ် တိုင်ထောင်အမိုး၊ မိုးပြီးကုန်ကျငွေအတွက်ကတော့ ကျပ်သိန်း(၈၅၀)၊ တတိယအကြိမ်မြောက်မှာအခင်းနှစ်ထပ်ရယ်၊ဘေးအကာအုတ်စီအချောသတ်တဲ့လုပ်ငန်း တည်ဆောက်ပြီးစီးမှုကုန်ကျငွေက ကျပ်သိန်း (၅၂၇) စုစုပေါင်း ကုန်ကျငွေကျပ်သိန်းက(၁၈၂၇)သိန်းထိရှိနေပြီဖြစ်ပြီးတော့ တည်ဆောက်ပြီးစီးမှုအနေနဲ့ကတော့ ရှစ်ဆယ်ရာခိုင်နှုန်းထိပြီးစီးနေပြီ ရာနှုန်းပြည့်တည်ဆောက်ပြီးစီးနိုင်ဖို့အတွက်ကို ကျပ်သိန်းတစ်ထောင်ကျော်လောက်ထပ်မံလိုအပ်နေပါသေးတယ်၊ အဲဒါ့ကြောင့်အလှူရှင်တွေကို ပါဝင်လှူဒါန်းနိုင်ဖို့အတွက် ဒီနေရာကနေပြီးတော့ထပ်မံဖိတ်ခေါ်အပ်ပါတယ်ဟု မြို့နယ်လုံးဆိုင်ရာသာသနာ့ဗိမာန်တော်ကြီးတည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌဦးအေးဝင်းကပြောသည်။
ထန်းတပင်မြို့နယ်လုံးဆိုင်ရာသာသနာ့ဗိမာန်တော်ကြီးကို အလျား(၁၁ဝ)ပေ၊ အနံ(၆၀)ပေနှင့် အမြင့် (၂၆)ပေရှိ Steel Structure နှစ်ထပ် အဆောက်အဦးကို တည်ဆောက်နေခြင်းဖြစ်ပြီး သာသနာ့ဗိမာန်တော် ကြီးရာနှုန်းပြည့်တည်ဆောက်နိုင်ရေးအတွက် ပါဝင်လှူဒါန်းလိုကြသည့် အလှူရှင်များအနေဖြင့်လည်း မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သီတလာရာမကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသီလာစာရ၊ ဖုန်း-၀၉၆၉၈၈၂၀၉၆၉၊ မြို့နယ်လုံးဆိုင်ရာသာသနာ့ဗိမာန်တော်ကြီးတည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌဦးအေးဝင်း၊ ဖုန်း-ဝ၉၇၈၉၄၇၁၇၀၆၊ ဒုဥက္ကဋ္ဌဦးကြည်လွင်၊ ဖုန်း-၀၉၄၂ဝဝဝဝ၂၃၅၊ အတွင်းရေးမှူး ဦးအောင်ကျော်၊ ဖုန်း-ဝ၉၇၅၅၆၁၉၅၅၄ နှင့် ဘဏ္ဍရေးမှူး ဦးအောင်လွင်၊ ဖုန်း-ဝ၉၅ဝ၃၆၉၂၅ တို့ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း လည်းသိရသည်။
 ဇင်မင်းထိုက်(ထန်းတပင်)