မိတ္ထီလာ ဖေဖော်ဝါရီ ၂၇
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စာတိုက်မှူးနှင့် စာတိုက်ငွေစာရင်းသင်တန်း အမှတ်စဉ် (၂၀/၂၀၂၃)နှင့် ကွန်ပျူတာပုံဆွဲသင်တန်း အမှတ်စဉ် (၂၂/၂၀၂၂)များ ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်စွာအောင်မြင်ကြသူများအား ဆုများအသီးသီးပေးအပ်ခဲ့ချီးမြှင့်ခဲ့သည်။ ထို့နောက် ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်းက သင်တန်း ဆင်းလက်မှတ်များအား သင်တန်းသား သင်တန်းသူများအား ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခမ်းအောင်၊ ဒုတိယ ကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိ သူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)